မြစ်ကြီးနား ၄ မေ

 

ကချင်ပြည်နယ်အတွင်း COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးအတွက် မြစ်ကြီးနားမြို့ မြန်မာ-တရုတ် အမျိုးသားလူမှုကူညီရေးအဖွဲ့မှ အလှူငွေနှင့် နှာခေါင်းစည်း (Mask) များကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့သည်။

 

အဆိုပါ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အလှူရှင်များကိုယ်စား ဦးအောင်မြင့်က COVID-19  ရောဂါကာလအတွင်း စားနပ်ရိက္ခာအခက်အခဲကို အရေးပေါ်ဖြေရှင်းရာတွင် အထောက်အကူပြုစေရန် လှူဒါန်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ကပ်ရောဂါကာလအတွင်း  ယခုလို ကိုယ်ကျိုးမဖက် တတ်နိုင်သည့်ဖက်မှ ပြည်နယ်အတွက် လာရောက်လှူဒါန်းသူများကို မိမိတို့အစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

 

ယင်းနောက် မြန်မာ-တရုတ် အမျိုးသားလူမှုကူညီရေးအဖွဲ့ကိုယ်စား ဦးအောင်မြင့်နှင့် အဖွဲ့ဝင်များက အလှူငွေကျပ် ၂၀၇၉၀၀၀၀ နှင့် ကျပ် ၁၆၀၀၀၀၀ တန်ဖိုးရှိ mask (၄၀၀၀)ခုကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။            

 

ပြည်နယ်(ပြန်/ဆက်)