မြစ်ကြီးနား      ၂၄        ဧပြီ

 

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်နေကြသည့် ကချင်ပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း (၃၇၉၆)ဦးတို့အတွက် အခြေခံစား သောက်ကုန်ပစ္စည်းများနှင့် အဝတ်အထည်များဝယ်ယူနိုင်ရေး ငွေကျပ် (၁၅၇၆)သိန်းကျော်ကို နေမင်း ကမ္ဘာကုမ္ပဏီမှ ယနေ့နံနက်ပိုင်းတွင်  ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ၌ လာရောက်ပေးအပ် လှူဒါန်းသည်။

 

ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်နေကြသည့် ပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းစုစုပေါင်း (၃၇၉၆)ဦးတို့အတွက် နေမင်းကမ္ဘာ ကျောက်စိမ်းနှင့်ကျောက်မျက်ကုမ္ပဏီ၊ ဒါရိုက်တာဦးသက်ဦးက ဆန်၊ ဆီ၊ မြေထောက်ပဲနှင့် ကြက်သွန်နီ များပါဝင်သည့် အခြေခံစားသောက်ကုန်ပစ္စည်း(၄)မျိုးကို တစ်ဦးလျှင် ငွေကျပ် (၃၉၀ဝ၀) နှုန်းဖြင့် စုစုပေါင်း လှူဒါန်းငွေပမာဏ (၁၄၈၀၄၄၀ဝ၀) ကျပ်နှင့် မြစ်ကြီးနားနှင့် ပူတာအိုခရိုင်များအတွင်းရှိ ဝန်ထမ်း (၁၂၀ဝ)ဦးတို့အတွက်  ငွေကျပ် (၉၆၀ဝ၀ဝ၀)တန်ဖိုးရှိ အဝတ်အထည်များ စုစုပေါင်းလှူဒါန်း ငွေကျပ် (၁၅၇၆၄၄၀ဝ၀)ကို လှူဒါန်းသည်၊

 

အလားတူ မြစ်ကြီးခရိုင်ပြည်သူ့ဆေးရုံအတွက် ဆေးရုံသုံးပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ (၁၀ဝ၀)၊ Surgical Mask (၂၅၀ဝ၀)၊ လက်အိတ် (၂၀ဝ၀ဝ)၊ Alcohol Spray အခု (၁၀ဝ)၊ လက်ဆေးGel (၃၀ဝ)တို့ကို လည်းကောင်း၊ ပူတာအိုခရိုင်ပြည်သူ့ဆေးရုံအတွက် PPE ဝတ်စုံ (၂၀ဝ)၊ Surgical Mask (၅၀ဝ၀)၊ လက်အိတ် (၃၀ဝ၀)၊ Alcohol Spray အခု (၅၀)၊ လက်ဆေးGel (၅၀)တို့ကို လည်းကောင်း ပေးအပ်လှူဒါန်းရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာအေးသိန်းက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်သည်။

 

အဆိုပါ လှူဒါန်းမှုသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးနှင့် ကုမ္ပဏီတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

ပြည်နယ်ပြန်/ဆက်