မြစ်ကြီးနား  နိုဝင်ဘာ  ၁၂

 

ကချင်ပြည်နယ်၌ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းမြေနေရာအတွက် တောင်သူများအား သီးနှံနစ်နာကြေး ပေးအပ်ပွဲကို ယနေ့ ညနေ ၄ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့သားသမီးများ၊ အနာဂတ် ဦးဆောင်ကြမည့် လူငယ်မောင်မယ်များအတွက် ကျန်းမာကြံ့ခိုင်ပြီး ထက်မြက်သူများဖြစ်စေရေး၊ ကချင်ပြည်နယ်၏ အနာဂတ် အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ယခုလို အားကစားနှင့် ကာယပညာသိပ္ပံကျောင်း မြေနေရာကို သတ်မှတ်နိုင်ခဲ့ပြီး အကောင်အထည်ဖော်နိုင်ရေးအတွက် မိမိတို့ပိုင်ဆိုင်သည့်သီးနှံများကို စွန့်လွတ်ပေးခဲ့သည့် တောင်သူများအား ကျေးဇူးတင်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အား/ကာ သိပ္ပံကျောင်း မြေနေရာအတွင်း ပါဝင်သည့် သီးနှံစိုက်တောင်သူ(၁၀)ဦးတို့အား ၎င်းတို့ပိုင်ဆိုင်သည့် သီးနှံပင်များ၏ တန်ဖိုးအလိုက် နစ်နာကြေးအဖြစ် စုစုပေါင်းလျော်ကြေးငွေကျပ် ၃၈၁၄၉၈၆၇ ကျပ်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

(ပြည်နယ် ပြန်/ဆက်)