နေပြည်တော်  ၁၃  မေ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်း များတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ၊ လယ်ကုန်းဇီးအုန်၊ လယ်ကုန်း ဗက်လင်နှင့် လယ်ကုန်းမလိယန် IDP စခန်းများနှင့်  မိုးကောင်းမြို့နယ်ရှိ မဟောင်နှစ်ခြင်း၊ မိုးကောင်းနှစ်ခြင်း IDP စခန်း စုစုပေါင်း IDP စခန်း(၅) ခုသို့ သွားရောက်၍ လက်သန့်ဆေးရည် (၇၄၂) ဗူး၊ ဆပ်ပြာ(၁၇၆၂) ခဲ၊ အဝတ် Mask (၂၉၂) ခု၊  လက်ဆေးစင် (၂) ခု၊ အပူချိန်တိုင်း ကိရိယာ (၅) ခု၊ Hand Speaker (၂) ခု၊ ကိုဗစ်-၁၉ အသိပညာ ပေးအသံဖိုင် ထည့်သွင်းထားသော Memory Stick (၂) ခုနှင့် ဗီနိုင် း(၂) ချပ်တို့အား ထောက်ပံ့ခဲ့သည်။

 

အလားတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ အမျိုးသားကျောင်း၊ ကရုချောင်း၊ မောသိကရံ၊ ဝိဘဂွဝါဒီ၊ မုဒ္ဒေါမော်၊ ဓမ္မရာမ၊ မဟာမုနိ ဗုဒ္ဓဝိဟာရ၊ နန်းရွှေဂူ၊ မဟာဇေယျ သိဒ္ဓိပဌာန်၊ မဏိရတနာ၊ ဆည်ကြီး၊ အလိုတော်ပြည့်၊ မဟာဝိဇယာရာမ၊ ဆုတောင်းပြည့်၊ ဒက္ခေါင်း၊ မဟာအောင်မြေဘုံ၊ တေဇရာမကမ္မဌာန်း၊ သာသနာ့ဗိမာန်နှင့် မဟာသိမဝံသ ယာယီ တိုက်ပွဲရှောင် စုရပ်များ၊ ဘူးသီးတောင်မြို့နယ်ရှိ ဝရကျွန်းကျေးရွာနှင့် မြောင်းနား ယာယီ တိုက်ပွဲရှောင်စုရပ်များ၊ မြောက်ဦးမြို့နယ်ရှိ မြောက်ဦးတိမ်ညို ယာယီတိုက်ပွဲရှောင်စုရပ်နှင့် အမ်းမြို့နယ်ရှိ      ဒုက္ကံကျေးရွာ ဘက်စုံသုံးခန်းမ၊     ဈေးတောင်ရပ်ကွက်နှင့်   မိုးလုံလေလုံ အားကစားခန်းမ ယာယီတိုက်ပွဲရှောင်စုရပ် စုစုပေါင်း စုရပ် (၂၅) ခုသို့ သွားရောက်၍ အဝတ် Mask (၆၅၅၂) ခု၊ ဆပ်ပြာ (၈၄၅) တောင့်၊ လက်ဆေးစင် (၉) ခု၊ လက်သန့်ဆေးရည် (၁၈၇) ဘူး၊ အပူချိန်တိုင်းကိရိယာ (၂) ခု၊ ထုံးအိတ် (၄၅) အိတ်၊ ဗီနိုင်း (၇) ချပ်တို့အား ထောက်ပံ့ခဲ့ သည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာပေး လုပ်ငန်းများ၊ အသိပေး နှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်