နေပြည်တော် ၂၂ ဧပြီ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ဧပြီ ၂၀ ရက်တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDP စခန်းသို့သွားရောက်၍ အိမ်ထောင်စုတစ်စုလျှင် ဆပ်ပြာ (၁)တောင့်နှင့် Mask (၂) ခုနှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု (၃၆၃) စုအတွက် ဆပ်ပြာတောင့် (၃၆၃)တောင့်နှင့် Mask (၇၂၆)ခုတို့ကို ထောက်ပံ့ခဲ့သည်။

 

ထို့ပြင် ယနေ့တွင် ကချင်ပြည်နယ်၊ မန်စီမြို့နယ်ရှိ နှစ်ခြင်း IDP စခန်း၊ မိုင်းခေါင်နှစ်ခြင်း IDP စခန်း၊ မိုင်းခေါင် RC IDP စခန်းနှင့် မြစ်ကြီးနားမြို့နယ်ရှိ စီတာပူဆွတ်ငိုင် IDP စခန်း၊ စီတာပူ သီတာအေးနှစ်ခြင်း IDP စခန်း၊ မြို့သစ်ကြီး ဂျန်မန်ကောင်း RC IDP စခန်း၊ မြို့သစ်ကြီး ဂျန်မန်ကောင်း နှစ်ခြင်း IDP စခန်းတို့သို့ သွားရောက်၍ အိမ်ထောင်စု (၂၁၇၂)စုအတွက် ဆပ်ပြာခဲ ၂၁၇၂ ခဲနှင့် Mask (၂၁၇၂)ခု ထောက်ပံ့ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်