နေပြည်တော် ၃၀  ဇူလိုင် 


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား       ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်ရှိ ကာမိုင်း လိုင်နှောင်းနှစ်ခြင်း IDP စခန်း၊ ဖားကန့် မြို့နယ်ရှိ လဝါး RC နှင့် နန့်စီးအင်ထွယ်ဆန်ယန် ယာယီတိုက်ပွဲရှောင်စခန်း (၂)ခု၊ မိုးကောင်းမြို့နယ်ရှိ ကံလှဧမာနွေလ ယာယီတိုက်ပွဲရှောင်စခန်း များသို့သွားရောက်၍ ထုံးအိတ် (၄၀)၊ ဆပ်ပြာ (၄၂၇)ခဲနှင့် ဗီနိုင်း(၄)ချပ်တို့အား သွားရောက် ထောက်ပံ့ခဲ့သည်။ 


အလားတူ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ထမ္မရာဇ်ကွက်သစ်၊ စေတီတောင်ရွာ ဟောင်း ဘုန်းတော် ကြီးကျောင်း၊ ရှော်မယ်(အမက)ကျောင်း၊ တင်းထိန်ကန်ကျေးရွာဘုန်းတော် ကြီးကျောင်း၊ ပီပင်ရင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ တောင်မြင့်ကျေးရွာဘုန်းတော်ကြီး ကျောင်း၊ စင်းဘောကိုင်းကျေးရွာ၊ ရွာသစ်ကေဘုန်းတော်ကြီးကျောင်း၊ ဝက်လှကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ တိန်ညိုတိုက်ပွဲရှောင်စခန်း၊ ပြလှကျေးရွာဘုန်းတော်ကြီးကျောင်း၊ နကန်ကျေးရွာ(အရှေ့) ဘုန်းတော်ကြီးကျောင်း၊ ပုဇွန်ဖေကျေးရွာ၊ ကုလားချောင်းဘုန်းတော်ကြီး ကျောင်း၊ ရွှေထီးဆောင်းဘုန်းတော်ကြီး ကျောင်းနှင့် မြေပုံမြို့နယ်ရှိ ကျီးခေါင်းတောင်ကျေးရွာ၊ တောင်ကြီးရင်းကျေးရွာ၊ ကုန်ဘောင်ကျေးရွာ၊ ရေရှင်ကျေးရွာ၊ ရက်ချောင်းကျေးရွာ၊  ပြားသုန်း ကျေးရွာ၊ မြို့နယ်ခန်းမ၊ ပင်ကပ်တောင် မော်ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ဝိဇိတာရာမ ဘုန်းတော်ကြီးကျောင်း၊ ရွာသစ်ရပ်ကွက် ဘောလုံးကွင်း၊ ပြည်ခြားကျေးရွာ၊ ဈေးဟောင်း ရပ်ကွက် အ.မ.က ကျောင်း၊ သဲတန်း အ.ထ.က(၂) စာသင်ကျောင်း၊ ငန်းတောင်ကျေးရွာ၊ ပေါက်တူးတောင်ကျေးရွာ၊ စက်ခွေကျေးရွာ၊ သပြေတော ကျေးရွာ၊ သရက်တောင်ကျေးရွာနှင့် တောင်ပေါ် IDPs စခန်း စုစုပေါင်း ယာယီတိုက်ပွဲရှောင်စခန်း (၃၄)ခုသို့သွားရောက်၍ ဆပ်ပြာတောင့် (၁၈၈၆၀)နှင့် ထုံးအိတ် (၃၄၀)တို့အား သွားရောက် ထောက်ပံ့ခဲ့သည်။


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများ အပြင် အသိပညာပေးလုပ်ငန်းများ၊    အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများနှင့်   စိတ်ဓါတ်ရေးရာ မြှင့်တင်ပေးမှု ဆိုင်ရာsလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်