နေပြည်တော် ၅ ဇွန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများ နှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ KBC နှင့် RC စုစုပေါင်း ယာယီတိုက်ပွဲရှောင်စခန်း(၂)ခုသို့ သွားရောက်၍ လက်သန့်ဆေးရည် ဘူး(၄၀) ၊ ထုံးအိတ် (၂၀)၊ ဆပ်ပြာ (၉၅၂)ခဲ၊ Surgical Mask (၁,၂၉၈)ခု၊ အပူချိန်တိုင်းကိရိယာ(၂)ခု၊ Hand Speaker (၂)ခု၊ ဗီနိုင်း(၂)ချပ်နှင့် ကိုဗစ်-၁၉ အသိပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၂)ခု တို့အား သွားရောက်ထောက်ပံ့ခဲ့သည်။
အလားတူ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ မြတန်ဆောင်း ဘုန်းတော်ကြီးကျောင်း၊ သျှစ်သောင်း ဘုန်းတော်ကြီးကျောင်း၊ လက်ကောက် ဈေးဘုန်းတော်ကြီးကျောင်း၊ ရွှေထီးဆောင်း ဘုန်းတော်ကြီးကျောင်း၊ ကျောက်ရာဇ်ကေ ဘုန်းတော်ကြီးကျောင်း၊ ကိုးနဝင်း ဘုန်းတော်ကြီးကျောင်း၊ မြို့သစ် ဘုန်းတော်ကြီးကျောင်း၊ အောင်စေတီဘုရားသိမ်၊ နရတ်စားဘုရားသိမ်၊ ဒိုင်းဂျီဘုန်းတော်ကြီး ကျောင်းသစ်၊ ဒိုင်းဂျီဘုန်းတော်ကြီးကျောင်းဟောင်းနှင့် ဘုရားပေါ်ဘုရားသိမ် စုစုပေါင်း ယာယီ တိုက်ပွဲရှောင်စခန်း (၁၂)ခုသို့သွားရောက်၍ ဆပ်ပြာ(၅,၀၇၈) တောင့်၊ အဝတ် Mask (၁၀,၁၅၆)ခု၊ လက်သန့်ဆေးရည်(၂,၆၉၀)ဗူး၊ Hand Speaker (၁၂)ခု၊ အပူချိန်တိုင်းကိရိယာ(၁၂)ခု၊ COVID-19 အသိပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၁၂)ခုနှင့် ဗီနိုင်း(၁၂)ချပ်တို့အား သွားရောက်ထောက်ပံ့ခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများနှင့် စိတ်ဓါတ် ရေးရာမြှင့်တင် ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


