နေပြည်တော် ၁၇ မေ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင် စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ ပန်ဝါမြို့နယ်ရှိ အမှတ်(၂)ဒေသပိုင် အဆောက်အဦ၊ ခိုက်ဘာဂျီ (ဆော့ဇမ်စခန်း)၊ ဖားကန့်မြို့နယ်ရှိ နမ္မဖြစ် COC ဘုရားကျောင်း၊ နမ္မဖြစ် ကက်သလစ်ဘုရားကျောင်း၊ နမ္မဖြစ် နှစ်ခြင်းဘုရားကျောင်း၊ မော်ဝမ်းမူရင်းနှစ်ခြင်း၊ မော်ဝမ်း အေဂျီဘုရားကျောင်း၊ ဆိပ်မူယူမာ နှစ်ခြင်းဘုရား ကျောင်း၊ ဆိပ်မူရဝမ်နှစ်ခြင်း ဘုရားကျောင်း၊ ဆိပ်မူလီဆူးနှစ်ခြင်း ဘုရားကျောင်း၊ ဆိပ်မူဆိုင်းတောင်နှစ်ခြင်း၊ ဆိပ်မူရပ်ကွက်(၄)နှစ်ခြင်း၊ လုံးခင်းလယ်ပြင်ကုဋေကျေးရွာ၊ လုံးခင်းငြိမ်းချမ်းသာယာ COC ဘုရားကျောင်း၊ လုံးခင်း ငြိမ်းချမ်းသာယာလီဆူနှစ်ခြင်း၊ လုံးခင်းရပ်ကွက်(၅) ကက်သလစ်၊ လုံးခင်းမှော်စီစာနှစ်ခြင်းနှင့် လုံးခင်းမှော်စီစာအေဂျီ IDP စခန်း စုစုပေါင်း IDP စခန်း (၁၈)ခုသို့ သွားရောက်၍ လက်သန့်ဆေးရည် (၁၇၄)ဗူး၊ ဆပ်ပြာ(၃၉၉၃)ခဲ၊ ထုံးအိတ်(၁၈၀)နှင့် အပူချိန်တိုင်းကိရိယာ(၂၀)၊ လက်ဆေးစင်(၂)ခု၊ အဝတ် Mask (၉၀၆)ခု၊ တခါသုံး Mask (၁၇၄)ခု၊ Hand Speaker (၂)ခု၊ ကိုဗစ်-၁၉ အသိပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၂)ခုနှင့် ဗီနိုင်း(၂)ချပ်တို့အား ထောက်ပံ့ခဲ့သည်။
အလားတူ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ဂျော်(၁) စခန်း၊ စိန့်သောမတ်စ်စခန်း၊ နေဝန်းနီ၊ ကွတ်ခိုင်မြို့နယ်ရှိ (၅)ရပ်ကွက်နှစ်ခြင်း အသင်းတော်၊ နမ္မတူ မြို့နယ်အတွင်းရှိ လီဆူ၊ ကချင်၊ ကြူဆော့ စုစုပေါင်း IDP စခန်း(၇)သို့ သွားရောက်၍ အဝတ် Mask (၃၉၁၆)ခု၊ လက်ဆေးဆပ်ပြာ(Hand gel)(၈၂၄)ဗူးတို့အား ထောက်ပံ့ခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေး နှိုးဆော်ခြင်းလုပ်ငန်းများနှင့် စိတ်ဓာတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


