နေပြည်တော် ၁၀ မေ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒူကထောင်နယ်မြေ (၄)၊ (၅)၊ (၁၄)၊ တပ်ကုန်းဂါလိလဲ၊ တပ်ကုန်းဧမာနွေလ IDP စခန်းနှင့် မိုးညှင်းမြို့ရှိ နမ္မဖြစ် COC ဘုရားကျောင်း၊ နမ္မဖြစ်ကက်သလစ်၊ နမ္မဖြစ်နှစ်ခြင်းကျောင်း၊ ဆိပ်မူယူမာ နှစ်ခြင်းကျောင်း၊ ဆိပ်မူရဝမ်နှစ်ခြင်းကျောင်း၊ ဆိပ်မူလီဆူနှစ်ခြင်းကျောင်း၊ ဆိပ်မူ ဆိုင်းတောင်နှစ်ခြင်းကျောင်း၊ ဆိပ်မူရပ်ကွက်-၄ နှစ်ခြင်းကျောင်းနှင့် ပူတာအိုမြို့နယ်ရှိ လုံးစွတ်နှင့် ဒုတ္ထန် IDP စခန်း စုစုပေါင်း (၁၅)ခုသို့သွားရောက်၍ လက်သန့်ဆေးရည် (၄၉၄)ဗူး၊ ထုံးအိတ် (၅၀)၊ ဆပ်ပြာ (၅၃၆)ခဲ၊ လက်ဆေးစင် (၁၁)ခု၊ တစ်ခါသုံး Mask (၁၅၂) ခု၊ အဝတ် Mask (၃၁၈၀)၊  အပူချိန်တိုင်းကိရိယာ (၁၀)ခု၊ Hand Speaker (၁၀)ခု၊ ကိုဗစ်-၁၉ အသိပညာပေးအသံဖိုင် ထည့်သွင်းထားသော Memory Stick (၁၀)ခု၊ ဗီနိုင်း(၁၀)ချပ်တို့အား ထောက်ပံ့ခဲ့သည်။

 

အလားတူ ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်ရှိ လီဆူ၊ ကချင်၊ ကြူဆော့၊ နမ့်ခမ်းမြို့နယ်ရှိ ဂျော်(၁)၊ စိန့်သောမတ်စ်၊ နေဝန်းနီ၊ မိုင်းယု(ကုန်စုံ)၊ မိုင်းယုလေး၊ နမ့်ဖက်ကာနှစ်ခြင်း အသင်းတော်၊ နမ့်ဖက်ကာနယ်မြေ(၄)၊  စုစုပေါင်း IDP စခန်း(၁၀)ခုသို့ သွားရောက်၍ ထုံးအိတ်(၃၀)၊ ဆပ်ပြာ(၅၄၀၈)ခဲ၊ အပူချိန်တိုင်းကိရိယာ(၁၀)ခုတို့အား ထောက်ပံ့ခဲ့သည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်