တနိုင်း ၁၄ ဇွန် 
  

ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဌ( ၁ ) ပြည်နယ်ဥပဒေချုပ်  ဦးဒီဆင်ရမ်နှင့် တနိုင်းမြို့နယ် ရပ်ကွက် ကျေးရွာအုပ်စု မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းတာဝန်ရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင်  ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် မူယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဒုဥက္ကဌ (၁) ပြည်နယ်ဥပဒေချုပ် ဦးဒီဆင်ရမ်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က မြိုနယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြပြီးနောက် မြို့နယ်မူယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူး ဒုရဲမှူးကျော်ဆန်းမှ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
     

ထို့နောက် တက်ရောက်လာသည့် မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့များမှ သိရှိလိုသည်များကို တင်ပြကြပြီး ပြည်နယ်ဥပဒေချုပ်မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN

 

1