မြစ်ကြီးနား ဖေဖော်ဝါရီ ၁၇

၂၀၂၆ ခုနှစ် တရုတ်ရိုးရာ မင်္ဂလာမြင်းနှစ် နှစ်သစ်ကူးပွဲတော်ကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက် ယူနန်ဘုံကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ တက်‌ရောက်ကြသည်။

ဦးစွာ ယူနန်ဘုံကျောင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှိုက်လှဲစွာကြိုဆိုကြပြီး တရုတ်ရိုးရာပန်းစည်းနှင့် အနီရောင်လည်စည်းပဝါများကို လက်ဆောင်ပေးအပ်ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဘာသာရေးအသင်းအဖွဲ့များမှ ခေါင်းဆောင်များ က တရုတ်နှစ်သစ်ကူး အထိမ်းအမှတ် ဧည့်သည်တော် မှတ်တမ်း၌ လက်မှတ်ရေးထိုးကြသည်။

ထို့နောက် နှစ်သစ်ကူးပွဲတော် အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုကာ နိုင်ငံတော်အလံကို အလေးပြု၍ ဖွင့်လှစ်ကြသည်။ ယင်းနောက် ကချင် နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ သိက္ခာတော်ရ ဆရာတော်က ဆုတောင်းဆက်ကပ်ပေးပြီး ယူနန်ဘုံ ကျောင်းဥက္ကဋ္ဌက တရုတ်ရိုးရာမင်္ဂလာမြင်းနှစ် နှစ်သစ်ကူးပွဲတော်အခါသမယ၌ တက်ရောက်ချီးမြှင့် ပေးကြသော ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က တရုတ်ရိုးရာ မြင်းနှစ်ဖြစ်သည့်အတွက် မြင်းနှစ်၏ အဓိပ္ပာယ်နှင့်အညီ လုပ်ငန်းဆောင်တာများကို အရှိန်အဟုန်၊ စွမ်းအားအပြည့် ဆောင်ရွက်နိုင်ခြင်း၊ စိန်ခေါ်မှုများကို ဉာဏ်ပညာ၊ ကျွမ်းကျင်မှုနှင့် အောင်မြင်စွာ ကျော်ဖြတ်ပြီး ဖွံ့ဖြိုးတိုးတက်မှုများ ရရှိပိုင်ဆိုင်ခြင်း စသည့် အဓိပ္ပာယ်များရှိသကဲ့သို့ ကချင်ပြည်နယ် အပါအဝင် မြန်မာနှင့် တရုတ်နိုင်ငံတို့၏ ပြည်သူလူထု အကျိုးစီးပွားအတွက် ယခုထက် ပိုမိုတိုးတက် အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ကြည့်ရှုအားပေး

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ဘုံကျောင်းဥက္ကဋ္ဌတို့က နှစ်သစ်ကူးအထိမ်းအမှတ် ပန်းခြင်းလက်ဆောင်ကို အပြန်အလှန်ပေးအပ်ကြပြီး နှစ်သစ်ကူး၏အဓိပ္ပာယ်နှင့် လက်ဆောင်အဖြစ် ပေးအပ်ထားသည့် လည်စည်းပဝါနီ၏ အဓိပ္ပာယ် များကို ရှင်းလင်းပြောကြားခြင်း၊ သံပြိုင်တေးသီချင်း သီဆိုခြင်းနှင့် တရုတ်ရိုးရာတေးသီချင်း အကအလှ များဖြင့် ဖျော်ဖြေတင်ဆက်ခြင်းတို့ကို ကြည့်ရှုအားပေး ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များ အတွက် ငွေကျပ် သိန်း ၄၀ ထောက်ပံ့ပေးအပ်၍ နှစ်သစ်ကူးအထိမ်းအမှတ် နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)