မြစ်ကြီးနား ဖေဖော်ဝါရီ ၂၃

 

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများသည် ယနေ့ညနေပိုင်းတွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက တာဝန်ယူ တည်ဆောက်လျက်ရှိသော ကျောက်စီမြေထိန်းတမံနှင့် ရေလျှံ တားနံရံ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးကြသည်။

 

ကြည့်ရှုစစ်ဆေး

 

ထို့နောက် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တာဝန်ယူတည်ဆောက်လျက်ရှိသော အင်ဂျန်းခချောင်း ရေထိန်း တံခါး ၈ ပေ x ၁၂ ပေ တံခါး သုံးပေါက်ပါဝင်သည့် ရေထိန်း တံခါးနှင့် ရေထိန်းတံခါးနှင့် ကပ်လျက် ပေ ၅၀ အတွင်း စက်ယန္တရားကြီးများနှင့် မြေသား တာဖို့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ရေထိန်းတံခါး တည်ဆောက်နေမှုနှင့် ရေဝင်ပေါက်တူးဖော်ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ရှင်းလင်းဆောင်၌ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ရေထိန်း တံခါးတည်ဆောက်နေမှု အခြေအနေနှင့်စပ်လျဉ်း၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုနှင့် လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သွားရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီစွာဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ဧရာဝတီမြစ်အတွင်း မြစ်ကြမ်းပြင် မြင့်တက်လာမှုကြောင့် သောင်ခုံအသစ် ပေါ်ထွန်းမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

 

ကချင်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် မြစ်ကြီးနားမြို့ ရေကြီး ရေလျှံမှုမှ ကာကွယ်နိုင်ရေး အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှစတင်၍ အဆိုပါ အင်ဂျန်းခချောင်း ရေထိန်းတံခါးအပါအဝင် ပမ္မတီး ရေကြည်ရပ်ကွက် အတွင်း ရေကြည်ချောင်း ရေထိန်းတံခါး ကိုလည်း တည်ဆောက်လျက်ရှိပြီး ကမ်းထိန်းကာကွယ်ရေး လုပ်ငန်းများကို မြစ်ရေမြင့်တက်မှု ပေ ၁၄၅၀ အထိ ကာကွယ်နိုင်ရေး ရေလျှံတားအုတ်ရိုးစီနံရံ ကာရံခြင်း အလျား ၄၁၆၉ ပေနှင့် ဗလ မင်းထင်အထက်တွင် ရေလျှံတား နံရံနှင့် တမံအလျား စုစုပေါင်း ၁၅၄၅ ပေတို့ကို တည်ဆောက် လျက်ရှိသည့်အပြင် ရေကြောင်း ဖွံ့ဖြိုးရေးအတွက် သောင်တူးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)