မြစ်ကြီးနား ၁၀ မတ်

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို မတ်(၈)ရက် မွန်းလွဲပိုင်းတွင် ဆွမ်ပရာဘွမ်မြို့နယ်၊ ခကရန်းယန်ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

 

11

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဓိကဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးသို့ကို ဦးစားပေးဆောင်ရွက်နေမှုများ၊ ပြည်နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် အစိုးရအဖွဲ့အနေဖြင့် အစီအမံများ ချမှတ်ဆောင်ရွက်နေမှုများကို ပြည်သူများအားလုံးက ပူးပေါင်းပါဝင် သတင်းပေးကြရန် လိုအပ်ပါကြောင်း၊ ပြည်နယ်အနှံ့ မီးလင်းရေးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

2

 

ယင်းနောက် အခမ်းအနားတက်ရောက်လာကြသည့် ပြည်သူများက ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ၊ လမ်း/တံတား လိုအပ်ချက်များ၊ မီးရရှိရေး၊ လယ်ယာမြေကိစ္စရပ်များနှင့် သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ရှင်းလင်း မှာကြားခဲ့သည်။ 

 

33

 

ထို့နောက် ဆွမ်ပရာဘွမ်မြို့နယ်ရှိ ခါသွတ်ကျေးရွာနှင့် ခမိုင်ယန်ကျေးရွာရှိ IDPs အိမ်ထောင်စု (၁၅)စု၊ လူဦးရေ (၅၃)ဦးတို့အတွက် ဆန်(၃)အိတ်၊ ဆား(၂၀)ပိဿာ၊ ဆီ(၁၅)ပိဿာ၊ ပဲ(၃၀)ပိဿာနှင့် ခေါက်ဆွဲခြောက် (၁၅)ဖာတို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေးအပ်ရာ IDPs ကိုယ်စားလှယ်တစ်ဦးမှ လက်ခံရယူခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ညနေ(၅)နာရီတွင် ဆွမ်ပရာဘွမ်မြို့ရှိ ဘန်ရူခန်းမဆောင်တွင် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီဝင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဒေသခံပြည်သူများက နယ်မြေဒေသအတွက် လိုအပ်ချက်များကို အသီးသီးတင်ပြရာ သက်ဆိုင်ရာဝန်ကြီးများက ပြန်လည်ရှင်းလင်း ဖြေကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆွမ်ပရာဘွမ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအတွက် Sky Net (၁)စုံနှင့် မြို့နယ်ပညာရေးမှူးရုံးတို့အတွက် Computer (၁)စုံပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ပညာရေးမှူးတို့က လက်ခံရယူခဲ့ကြောင်း ပြည်နယ်(ပြန်/ဆက်)မှ သိရှိရသည်။

MDN