မြစ်ကြီးနား     ဒီဇင်ဘာ ၂၈

 

၂၀၂၁ ခုနှစ် ကချင်ပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲဆုချီးမြှင့်ပွဲကို ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ ယနေ့ နံနက် ၁၀ နာရီတွင်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ တက်ရောက်အားပေးကြသည်။

 

အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲကို တိုင်းဒေသကြီး/ပြည်နယ် အေးရိုးဗစ်ပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြည်နယ်အဆင့် ကြိုတင်ကျင်းပပြုလုပ်ခြင်းဖြစ်ကာ ပြည်နယ် အတွင်းရှိ မြစ်ကြီးနား၊ ဗန်းမော်နှင့် ပူတာအိုခရိုင်တို့မှ ပြိုင်ပွဲဝင်ကစားသမားများက တစ်ဦးချင်းစိတ်ကြိုက် စွမ်းရည်ပြ ယှဉ်ပြိုင်ကစားခြင်းနှင့် အခြေခံစနစ်သစ် (၅)ယောက်တွဲနှင့် အဆင့်မြှင့်စနစ် (၃)ယောက်တွဲ ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။

 

ထို့နောက် ဆုရအသင်းများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ရာတွင် (၁)ဦးချင်း ပထမ၊ ဒုတိယ၊ တတိယဆု ရသူများအား ပြည်နယ်လူမှုရေးဝန်ကြီးကလည်းကောင်း၊ အဆင့်မြှင့်စနစ် (၃) ယောက်တွဲ ပထမ၊ ဒုတိယနှင့် တတိယဆုများအား ပြည်နယ်အမျိုးသမီး အားကစားဆပ်ကော်မတီ နာယကအဖွဲ့ဝင်များကလည်းကောင်း၊ အခြေခံစနစ်သစ် (၅)ယောက်တွဲပြိုင်ပွဲတွင် ဆုရအသင်းအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊  ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဥပဒေချုပ်တို့က ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေ များကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး တံခွန်စိုက်ဒိုင်းဆုရ မြစ်ကြီးနားခရိုင်အသင်းအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်နန်ဆိုင်းတို့က တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုဆုငွေကျပ် (၃)သိန်းကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

(ပြည်နယ် ပြန်/ဆက်)