မြစ်ကြီးနား ဧပြီ ၁၇
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားမြို့၌ သက်ကြီးပူဇော်ကန်တော့ပွဲ၊ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သွေးလှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာနေရာများ၌ ကျင်းပသည်။
ကြည့်ရှုအားပေး
ဦးစွာ သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ အသက် ၈၀ နှစ်နှင့်အထက် အဘိုး၊ အဘွား ၁၀၀ အား မြန်မာ့ဓလေ့ထုံးစံနှင့်အညီ မြို့တော်ခန်းမဝင်းအတွင်း ကုသိုလ်ပြု ခြေသည်း၊ လက်သည်းညှပ်ပေးခြင်းတို့ကို လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးရေးရာ နှင့် မိခင်နှင့် ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့က ဆောင်ရွက်ပြီး နံနက်စာဖြင့် ဧည့်ခံကျွေးမွေးရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ကြည့်ရှုအားပေးကြသည်။
ထို့နောက် မြို့တော်ခန်းမအတွင်း၌ သက်ကြီးပူဇော်ကန်တော့ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် တက်ရောက်လာကြသူများက အဘိုး/အဘွားများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ပြီး ပြည်နယ်အစိုးရအဖွဲ့က အဘိုး/အဘွားများအတွက် လှူဖွယ်ပစ္စည်းများနှင့် တစ်ဦးလျှင် ငွေကျပ်နှစ်သိန်းစီ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်းနှင့် အလှူရှင်များက အဘိုး/အဘွားများအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းကြရာ အဘိုး/အဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်စကားနှင့် နှစ်သစ်ဆုတောင်းမေတ္တာပို့သပေးသည်။
ယင်းနောက် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်း ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းနေရာ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဇီဝိတဒါနငါးလွှတ်ပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများနှင့်တာဝန်ရှိသူများက ငါးခုံးမ ငါးသားပေါက်ကောင်ရေ နှစ်သိန်းနှင့် ရွှေဝါငါးကြင်းငါးသားပေါက်ကောင်ရေ တစ်သိန်း စုစုပေါင်းငါးသားပေါက်ကောင်ရေ သုံးသိန်းကို ဧရာဝတီမြစ်အတွင်း ဇီဝိတဒါနအဖြစ် ဆုတောင်းမေတ္တာပို့သ၍ လွှတ်ပေးကြသည်။
ပြည်နယ်(ပြန်/ဆက်)


