မြစ်ကြီးနား အောက်တိုဘာ ၁၆
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားလေဆိပ် အဆောက်အဦများ ပတ်ဝန်းကျင်နှင့် လေဆိပ်ဝင်း အတွင်း/အပြင်တို့တွင် ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းကို အောက်တိုဘာ ၁၆ ရက် နံနက် ၇ နာရီခွဲတွင် ဆောင်ရွက်ခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက လေဆိပ်ဧရိယာပြင်ပ လမ်းဘေးဝဲ/ ယာများနှင့် လေဆပ်ဧရိယာအတွင်းရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူခြင်း၊ မြေယာရှုခင်း အလှပင်များအား ပြုပြင်ခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လေဆိပ်ပုရဝဏ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကာ ပြည်နယ်၏ မြို့တော်လေဆိပ်ဖြစ်သည့်အတွက် အမြဲသန့်ရှင်း သာယာလှပစေပြီး မြေယာရှုခင်းများ ပြုပြင်ရေး၊ အလှပန်းပင်များနှင့် အရိပ်ရအပင်များ စိုက်ပျိုးရေးနှင့် ကားပါကင် စသည့် လိုအပ်ချက်များ ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)