၉ ဇွန်

 

အိန္ဒိယ ထိန်းချုပ်ထားသော ကက်ရှ်မီးယားတွင် ဇွန်လ ၉ ရက်နေ့က အိန္ဒိယနှင့် ပါကစ္စတန်တပ်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

အိန္ဒိယ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ၏ နွေဦးရာသီ မြို့တော် Srinagar ၏ အနောက်တောင်ဘက် ၁၈၀ ကီလိုမီတာ အကွာ Poonch ခရိုင်နယ်စပ် Mankote နယ်မြေတွင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

 

အဆိုပါ အိန္ဒိယနှင့် ပါကစ္စတန် အပြန်အလှန် ပစ်ခတ်မှုတွင် ယခုအချိန်ထိ အသက်ဆုံးရှုံးမှု မရှိသေးပေ။

 

ယနေ့မနက် ၆ နာရီ ၃၀ မိနစ်ခန့်က စတင်ကာ ပစ်ခတ်မှု ဆက်လက် ဖြစ်ပွားနေသည်ဟု တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

 

အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့သည် အပစ်အခတ် ရပ်စဲရေးကို လိုက်နာရန် ၂၀ဝ၃ ခုနှစ်က  သဘောတူညီခဲ့ကြသော်လည်း ၎င်းတို့သည် ကက်ရှ်မီးယားတွင် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြသည်။ သို့ရာတွင် အပစ်အခတ် ရပ်စဲရေးသည် သက်ရောက်မှု ရှိနေဆဲဖြစ်သည်။

 

အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ သဘောကွဲလွဲကာ အငြင်းပွားနေကြသည်။ ၂၀၁၄ ခုနှစ်က အိန္ဒိယနိုင်ငံတွင် နာရိန်ဒရာမိုဒီ ဝန်ကြီးချုပ် ဖြစ်လာချိန်မှစတင်ကာ နှစ်နိုင်ငံ ဆက်ဆံရေး သိသိသာသာ တိုးတက်လာခြင်း မရှိခဲ့ပေ။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို