တီးတိန် ၃၀ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့ ရိုမန်ကကတ်သလစ် သာသနာနယ်မှ သာသနာပိုင် ဂိုဏ်းအုပ်ဆရာတော်ကြီး ဖဲလစ်လျန်ခင်းထန်၏ လမ်းညွှန်မှုနှင့် ကလေးသာသနာ စိန်ပီတာ စိန်ပေါလ်စီရင်စုမှ ကျန်းမာရေးကော်မရှင်၏ ဒါရိုက်တာဘုန်းတော်ကြီး စတီဗင်မန်လျန်းတွောင်(ခ)တွောင်ပီး ဦးဆောင်၍ နယ်လှည့်ဆေးကုသခြင်းနှင့် ကျန်းမာရေး ပညာပေးဟောပြောခြင်းကို နိုဝင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ ကလေးမြို့နယ်နှင့် ချင်းပြည်နယ်နယ် နိမိတ်အစပ်တွင် တည်ရှိသော တီးတိန်မြို့နယ် ခိန်းဇန်ကျေးရွာအုပ်စု၌ နယ်လှည့်ဆေးကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ကွင်းဆင်းကုသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေစု(ချင်းရိုးမ)