ကလေး၂ ဦးကို သတ်မှုဖြင့် အမျိုးသားတစ်ဦး သေဒဏ်ချမှတ်ခံရ

အိုဆာကာ တရားရုံးက ၁၃ နှစ်အရွယ် မိန်းကလေး နှင့် ၁၂ နှစ်အရွယ် ယောကျာ်းလေးတို့ကို သတ်မှုဖြင့် အမျိုးသားတစ်ဦးကို သေဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။

 

အသက် ၄၈ နှစ် အရွယ် ကိုဂျီ ယာမာဒါသည် ၂၀၁၅ ခုနှစ် သြဂုတ်လက နီယာဂါဝါ မြို့တော်မှ ဖော်ပြပါ ကလေး၂ ဦးကို သတ်မှုဖြင့် စွပ်စွဲခံခဲ့ရကြောင်း ၊ အိုဆာကာ ခရိုင်တရားရုံးတွင် ပြီးခဲ့သည့် နိုဝင်ဘာလက အဆိုပါအမှုကို စစ်ဆေးခဲ့ကြကြောင်းနှင့် အစိုးရရှေ့နေများက ၎င်းကို သေဒဏ်ပေးရန် တောင်းဆိုခဲ့ကြကြောင်း သတင်းဖော်ပြထားသည်။

 

ကိုဂျီ ယာမာဒါ ၏ ရှေ့နေများက အဆိုပါ သေဆုံးခဲ့သူ ၂ ယောက်တွင်  မိန်းကလေးငယ်မှာ ဒဏ်ရာရရှိသေဆုံးခြင်းဖြစ်ပြီး ယောကျာ်းလေး ဖြစ်သူမှာ ရုတ်တရက် နာမကျန်းဖြစ်ရာမှ သေဆုံးခြင်းဖြစ်သောကြောင့် ထောင်ဒဏ် ၁၂ နှစ်မှာ သင့်လျော်ပါကြောင်း ထောက်ခံပြောဆိုခဲ့သည်။

 

တရားသူကြီး ရူတာ အာဆာကာ က ကိုဂျီ ယာမာဒါ ကို ယနေ့ သေဒဏ် ချမှတ်ခဲ့သည်ဟု သိရသည်။

 

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို