ကလော၊ ၁၉ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် နှစ်စဉ် အစဉ်အလာမပြတ် ကျင်းပ ပြုလုပ်သော (၂၀)ကြိမ်မြောက် မြို့လုံးကျွတ်သံဃာဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့မွန်းလွှဲပိုင်းက မြို့လယ်ဓမ္ဓာရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

 

45

 

အခမ်းအနားတွင် နမောဒဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ကလောမြို့ မြို့မပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တဦးကုသလ ထံမှ ငါးပါးသီလဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

 

2

 

ဆက်လက်၍ တာဝန်ရှိသူများက သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် သံဃာတော်များအား စစ်ဦးစီးတက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဗိုလ်ချုပ်အောင်အောင်နှင့်ဇနီး၊ အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်ရှိ  တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည်နှင့်မိသားစုဝင်များ၊   မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာနှင့် ရပ်နှီးရပ်ဝေးမှ စေတနာရှင်အလှူရှင်တို့က ပင့်သံဃာ(၅၆၃)ပါး ၊ သီလရှင်(၈၄)ပါး စုစုပေါင်း(၆၄၇)ပါး တို့ကို ဆန်အိတ် (၃၅၈)အိတ်နှင့် အခြားလှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြသည်။

 

1

 

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို မြို့လယ်ဓမ္မာရုံမှ ကုန်သည်လမ်း၊ သိရိမင်္ဂလာလမ်း ၊ ပြည်ထောင်စုလမ်း၊  မြို့မစျေးအရှေ့ဘက်၊ မြို့မစျေးတောင်ဖက်မှ မြို့လယ်ဓမ္မာရုံထိ အပူဇော်ခံလှည့်လည်ခဲ့ကြောင်း သိရသည်။

 

ကျော်ဝင်း(ပြန်/ဆက်)