ကလော   ၂၀   ဒီဇင်ဘာ     

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ကလောမြို့နယ်တွင် နှစ်စဉ် အစဉ်အလာမပြတ် ကျင်းပ ပြုလုပ်သော အကြိမ် (၂၀) မြောက် မြို့လုံးကျွတ်သံဃာဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဒီဇင်ဘာ ၁၉ ရက်နေ့ မွန်းတည့် ၁၂  နာရီက မြို့လယ်ဓမ္ဓာရုံ၌ စည်ကာသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် နမောဒဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ကလောမြို့ မြို့မပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တဦးကုသလ ထံမှ ငါးပါးသီလဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော် များနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

 

a

 

ဆက်လက်၍ တာဝန်ရှိသူများက သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် သံဃာတော်များအား စစ်ဦးစီး တက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဗိုလ်ချုပ်အောင်အောင်နှင့်ဇနီး၊ အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်ရှိ  တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည်နှင့်မိသားစုဝင်များ၊   မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊နိုင်ငံရေးပါတီများ၊ လူမှုရေး အသင်း အဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ  နှင့်ရပ်နှီးရပ်ဝေးမှစေတနာရှင်အလှူရှင်တို့က ပင့်သံဃာ(၅၆၃)ပါး ၊သီလရှင်(၈၄)ပါး စုစုပေါင်း(၆၄၇)ပါးတို့ကို ဆန်အိတ် (၃၅၈)အိတ်နှင့် အခြားလှူဖွယ် ပစ္စည်းများ လောင်းလှူခဲ့ကြသည်။

 

a

 

အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို မြို့လယ်ဓမ္မာရုံမှ ကုန်သည်လမ်း၊ သိရိမင်္ဂလာ လမ်း ၊ပြည်ထောင်စုလမ်း၊  မြို့မဈေးအရှေ့ဘက်၊ မြို့မဈေးတောင်ဖက်မှ မြို့လယ်ဓမ္မာရုံထိ အပူဇော်ခံလှည့်လည်ခဲ့ကြောင်း သိရသည်။

ကျော်ဝင်း(ပြန်/ဆက်)