ကလော အောက်တိုဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောခရိုင်၊ ကလောမြို့တွင် စက်တင်ဘာ ၁၀ ရက်မှ ၁၂ အထိ မိုးသည်းထန်စာရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ရေကြီး၊ ရေလျှံမှုဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၁၁ ရက်တွင် ဘုန်းတော်ကြီးကျောင်းများနှင့် ဘာသာရေးကျောင်းတို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၁၂ ခုဖွင့်လှစ်၍ ရေဘေးသင့်ပြည်သူများအား ပြန်လည်ထူထောင်ရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ ရုပ်ပိုင်းဆိုင်နှင့် စိတ်ပိုင်းဆိုင်ရာခံစားချက်များ အားပေးကူညီဖေးမ အားပေးစကားပြောကြားခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ အောက်တိုဘာ ၉ ရက်တွင် ရေဘေးသင့်ကယ်ဆယ်ရေးစခန်းများ ပြန်လည်ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ရေးဘေးသင့်ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ခဲ့ရာ ၁ လကြာခဲ့ပြီဖြစ်ပြီး ရေဘေးသင့်ပြည်သူများအား ဝန်ကြီးဌာနများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အနယ်နယ်အရပ်ရပ်မှ အသင်း၊ အဖွဲ့အလှူရှင်များ လှူဒါန်းထောက်ပံ့ပေးမှုကြောင့် ပြန်လည်ထူထောင်ရေးမှ အဆင်ပြေစေခဲ့ပြီး မိမိတို့နေထိုင်ရာ မူလနေရာသို့ အပြီးအပိုင် ပြောင်းရွှေ့စေခြင်း၊ ယခုအခါ ရေဘေးသင့်ပြည်သူများထားရှိသည့် ဘုန်းတော်ကြီးကျောင်းများနှင့် ဘာသာရေးကျောင်းတို့တွင် သီတင်းကျွတ်ကာလ ဘုရားဖူးဧည့်သည်များ၊ ဘုရားကျောင်းကန်တော့လာကြသူ များပြားခြင်းတို့ကြောင့် ရေဘေးသင့် ယာယီခိုလုံ ကယ်ဆယ်ရေးစခန်းတို့တွင် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကူးစက်ရောဂါနှင့် အခြားရောဂါများ မဖြစ်ပွားစေရေးအတွက် ကာကွယ်ဆေးဖျန်းခြင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသအသီးသီးမှ အလှူရှင်များ လာရောက်လှူဒါန်းမှု အဆင်ပြေစေရေးအတွက် ကလောမြို့ မြို့မပရိယတ္တိစာသင်တိုက်တွင် ပြန်လည်ထူထောင်ရေး ကွပ်ကဲရေးရုံးကို ယာယီဖွင့်လှစ်ထားရှိကြောင်း တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)


