ကလော ၁၄ မေ
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ကလောမြို့နယ် အောင်ပန်းမြို့တွင် မေလ ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က အောင်ပန်းမြို့၊ ရေချိုကျေးရွာကျေးရွာအုပ်စု မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စေတီတော်နှင့် လူနေအိမ်များပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အရိဓမ္မမစိုးရိမ် ကျောင်းဆောင်သစ် ပေါ်ရှိစေတီတော်မှ ငှက်ပျောဖူးနှင့်အချင်း (၂)ပေခွဲ အမြင့်ပေ(၆)ပေခန့်ရှိ ထီးတော်တို့မှာ မြေခခဲ့ပြီး ပင်မှီ ဂေါက်ကလပ် လေ့ကျင့်ရေးကွင်း နားနေဆောင် အရှေ့မျက်နှာစာရှိ ပေ (၄၀)ခန့်သွပ်များ ပြုတ်ထွက်ပျက်စီးခြင်း၊ ရေချိုကျေးရွာအုပ်စု တံတာဦးကျေးရွာရှိ ဦးအောင်ပိ၏ ဝါးညှပ်နှစ်ထပ် အိမ်ရှေ့ခြမ်းသွပ်များလန်ထွက်ခဲ့ခြင်း၊ ငုတ်ကျေးရွာအုပ်စု သရက်မြောင် အလယ်ရွာတွင် ဦးသောင်း၏ ဝါးညှပ်နှစ်ထပ် မြေစိုက်နေအိမ်တွင် သွပ်(၃၁)ချပ် လန်ထွက်ပျက်စီးခဲ့ပြီးခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN

