ကလော ၂၈ ဇန်နဝါရီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကလောမြို့နယ်၊ အောင်ပန်းမြို့၊ငုတ်ကျေးရွာအုပ်စု တောင်ပို့လကျေးရွာတွင် ဇန်နဝါရီ ၂၇ရက် နံနက် ၅ နာရီခန့်က ဦးမောင်ကျင်နေအိမ်၌  မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ရှင် ဦးမောင်ကျင် သေဆုံးကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ အိမ်ပိုင်ရှင် ဦးမောင်ကျင် (၃၁)နှစ်နေအိမ်တွင် မီးဖိုမီးကြွင်းမီးကျန် မှတစ်ဆင့် နေအိမ် ထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် ဦးမောင်ကျင် (၃၁)နှစ် အိပ်ပျော်ရင်း မီးလောင် သေဆုံးခဲ့သည်။

 

မီးလောင်မှုကြောင့် (၁၀×၁၀)ပေ သွပ်မိုး၊ ထရံကာ မြေစိုက်နေအိမ် မီးလောင်ဆုံးရှုံးခဲ့ပြီး အခြားနေအိမ်များသို့ မီးကူးစက်လောင်းကြွမ်းမှု မရှိကြောင်း သိရသည်။  အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ကလောမြို့နယ်၊ အောင်ပန်းနယ်မြေမီးသတ်စခန်းမှ ဦးအောင်ပြည့်စုံ ဦးစီးတပ်ဖွဲ့ဝင် ၁၀ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများပူးပေါင်း၍ မီးသတ်ယာဉ်(၁)စီးဖြင့် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ၅ နာရီ ၁၅ မိနစ်အချိန်တွင်   မီးငြိမ်းနိုင်ခဲ့သည်။

 

ဖြစ်စဉ်နှင့် စပ်လျဉ်း၍  မီးလောင်သေဆုံးသူ ဦးမောင်ကျင်အား အောင်ပန်းနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက် ထားရှိကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)