ကလော   ၃၁   အောက်တိုဘာ  

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ကလောမြို့နယ် တောင်ကွဲကျေးရွာအုပ်စု မြောင်ချောက်ကျေးရွာနှင့် နန်းနိုင် ကျေးရွာအုပ်စု  ကျောက်ဆုတ်ကျေးရွာသို့ကလောမြို့နယ်ရဲမှူး အောင်မျိုးလွင်ဦးစီး ၊ကလောမြို့နယ် နယ်ထိုင်း ရဲအုပ်ဆန်းလွင်နှင့် မူးယစ်တပ်ဖွဲ့စု(၂၅) ရဲအုပ်မျိုးအောင်တို့ ဦးဆောင်သည့် တပ်ဖွဲ့မှရဲအုပ်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် ဘိန်းခင်းဖျက်စီးရေး ပူးပေါင်းအဖွဲ့သည်  ၂၉ နံနက်ပိုင်းမှစ၍ ၃၀ ရက်နေ့ညနေရက်မှအထိ ဘိန်းခင်းများကို လိုက်လံဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

 

2

 

 အဆိုပါ ဘိန်းခင်းဖျက်ဆီးရေးပူးပေါင်းအဖွဲ့သည် တောင်ကွဲကျေးရွာအုပ်စုအတွင်းရှိ ဘိန်းခင်းများကို လိုက်လံ ဖျက်ဆီးခဲ့ကြရာ အောက်တိုဘာ ၂၉ ရက်နေ့တွင် မြောင်ချောက်ကျေးရွာ  အနောက်တောင်ဘက် (၇)မိုင်ခန့် အကွာတောင်ကြားတွင်စိုက်ပျိုးထားသော အမြင့်ပေ ၁ ပေခွဲ ခန့်ရှိ ဘိန်းခင်း ၄ ဧကခန့်၊ ဆက်လက်ရှာဖွေရာ အမြင့် ၂  ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၂ ဧကခန့် စုစုပေါင်း  ၆ ဧကခန့်တို့ကိုဖျက်ဆီးခဲ့ပြီး အလားတူအောက်တိုဘာ ၃၀ ရက်နေ့တွင် ဆက်လက် ရှာဖွေရာ နန်းနိုင်ကျေးရွာအုပ်စု ကျောက်ဆုတ်ကျေးရွာ၏ အနောက်ဘက်(၇)မိုင် ၆ ဖာလုံခန့်အကွာ  အမြင့်ပေ ၁ ပေခွဲခန့်ရှိ ဘိန်းခင်း ၂ ဧကခန့်၊ ဆက်လတ်ရှာဖွေရာ ကျောက်ဆုတ် ကျေးရွာအနောက်တောင်ဘက်(၈)မိုင် ၄ ဖာလုံ ခန့်အကွာ အမြင့်  ၁ ပေခွဲခန့် ရှိဘိန်းခင်း(၁)ဧကခန့် ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

 

ယင်းဘိန်းခင်း ဖျက်ဆီးရေးပူးပေါင်းအဖွဲ့မှ  အောက်တိုဘာ  ၂၉ ရက်မှ ၃၀ ရက်နေ့အထိ စုစုပေါင်းဘိန်းခင်းဧက (၉) ဧကခန့်ကို  ပူးပေါင်းဖျက်ဆီးနိုင်ခဲ့ပြီးနိုင်ခဲ့ပြီး   ဘိန်းခင်းများကို   ဆက်လက် လိုက်လံရှာဖွေ  ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်ဝင်း (ပြန်/ဆက်)