ကလော မတ် ၁၆

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၌ ၂၀၂၂ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၆)ခုမှ ဝင်ရောက်ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ (၁၄၈၈)ဦး စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ကလောမြို့နယ်တွင် အ-ထ-က(၁) စာစစ်ဌာန၌ (၃၂၂)ဦး၊  အ-ထ-က(၂) စာစစ်ဌာန၌ (၂၆၉)ဦး၊ အ-ထ-က(၃)စာစစ်ဌာန၌ (၃၀၇)ဦး၊ အ-ထ-က (၅)စာစစ်ဌာနမှ (၃၁၇)ဦး၊ ဘော်ဆိုင်းစာစစ်ဌာန၌ (၄၁)ဦး၊ အ-ထ-က(၄)ဟဲဟိုး စာစစ်ဌာန၌ (၂၃၂)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၄၈၈)ဦးရှိကြောင်း သိရသည်။

 

ကလောမြို့နယ်၌ ယခင် ၂၀၂၁ ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသူ (၅၀၅၈)ရှိပြီး ယခု ၂၀၂၂ ခုနှစ်တွင် စာစစ်ဌာန (၆)ခုမှ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၄၈၈)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်ဝင်း(ပြန်/ဆက်)