တောင်ကြီး မတ် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မတ် ၁ ရက်တွင် ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ကလောမြို့နယ် သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ်သမဝါယမအသင်းစု အမှုဆောင်များအားတွေ့ဆုံ၍ လုပ်ငန်းများဆောင်ရွက်ရာတွင် သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကလောမြို့နယ် ဝါးရုံပင်ကျေးရွာရှိ ရွှေရင်အေး မျိုးစေ့ထုတ်လုပ်ရေးသမဝါယမအသင်းမှ အာလူးစိုက်ပျိုးထားရှိမှုအခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး အသင်းမှ လိုအပ်သောသွင်းအားစုများ ပြတ်လပ်မှုမရှိစေရေးနှင့် ငွေကြေးအရင်းအနှီးများ ရရှိစေရေး သက်ဆိုင်ရာမြို့နယ် သမဝါယမအသင်းစုနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ဝိုးတောင်း


