ကလော ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသား စိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်/ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၂၇ ရက်က ရေချိုကျေးရွာအုပ်စု၌ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာ ၊ မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦးကျော်ကျော်လွင်နှင့် ဝန်ထမ်းများက ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ ဦးစားပေးအလိုက် စနစ်တကျ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ နိုင်-၃(က) ၁၄၄ ဦး၊ နိုင်-၆(က) ၈၀၊ လဲလှယ် ၂၃ ဦး၊ မိတ္တူ ၁၆ ဦး စုစုပေါင်း ၂၆၃ ဦးအား ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိသည့် ဒေသခံပြည်သူများအတွက်လည်း စဉ်ဆက်မပြတ် ရပ်ကွက်၊ ကျေးရွာအရောက် ကွင်းဆင်းပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လဝကဦးစီးမှူးထံမှ သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)


