ကလော ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် တောင်ပို့လှကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒုတိယအကြိမ်မြောက် ထနော့အမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီကကျင်းပရာ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့နှင့် တိုင်းရင်းသား တိုင်းရင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ထံမှ ဒုတိယအကြိမ် ထနော့အမျိုးသားနေ့အတွက် ပေးပို့သည့်သဝဏ်လွှာကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ဖတ်ကြားပြီး ထနော့အမျိုးသားနေ့အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်သည့် ချီးမြှင့်ငွေကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က ပေးအပ်ရာ ထနော့အမျိုးသားနေ့ ပွဲတော်ကျင်းပရေးကော်မတီက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက် ထနော့စာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးများနှင့် တိုင်းရင်းသားအဖွဲ့များက အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ထနော့တိုင်းရင်းသား တိုင်းရင်းသူများက ရိုးရာအကအလှတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)


