ကလော ဇူလိုင် ၈
စက်မှုလယ်ယာဦးစီးဌာန အောင်ပန်းမြို့ အမှတ်(၆၅) စက်မှု လယ်ယာစခန်းက ကြီးမှူးကျင်းပသည့် ခြောက်တန်းသွားကောက်စိုက်စက်နှင့် ရှစ်တန်းသွားလက်ဆွဲအစေ့ချကိရိယာတို့ဖြင့် စပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြသပွဲကို ဇူလိုင် ၈ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် ဟဲဟိုးမြို့ ဝါးရုံပင်ကျေးရွာအုပ်စု တောင်သူ ဦးဇင်မြင့်ဇော်၏ လယ်မြေ၌ ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ် စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်နှင့် ဟဲဟိုးမြို့အုပ်ချုပ်ရေးမှူးတို့က အမှာစကားပြောကြားပြီး အောင်ပန်းမြို့ အမှတ်(၆၅) စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးဌာနမှူး ဦးရဲမြင့်က သရုပ်ပြပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။
ထို့နောက် ခြောက်တန်းသွား ကောက်စိုက်စက်နှင့် ရှစ်တန်းသွား လက်ဆွဲအစေ့ချကိရိယာတို့ဖြင့် စပါးလက်တွေ့စိုက်ပျိုးခြင်းကို သရုပ်ပြသခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ကလော)


