ကလော ဇူလိုင် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် အသက် (၆၅)နှစ်အထက် အဘိုး၊ အဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ကလောမြို့ မြို့နယ်ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကလောမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများက အသက် (၆၅)နှစ်အထက် အဘိုး၊ အဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ကူညီဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကလောမြို့ပေါ်ရှိ ရပ်ကွက်ပေါင်း (၁၁)ရပ်ကွက်အတွင်းရှိ (၆၅) နှစ်အထက် အဘိုးအဘွား ၁၂၈၆ ဉီးခန့်ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကလောမြို့ပေါ် ရပ်ကွက် (၁၁) ရပ်ကွက်ကို ကျန်းမာရေးလမ်းညွှန်ချက်နဲ့အညီ လူစုလူဝေးမဖြစ်ပေါ်စေရန် အချိန်ခွဲသတ်မှတ်၍ ဇူလိုင် ၃၀ ရက်မှ ဇူလိုင် ၃၁ ရက်နေ့အထိ နှစ်ရက်ကြာထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


