ကလောမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး အထင်ကရနေရာများ၊ တန်ခိုးကြီးဘုရားများ ယာယီပိတ်ထား

ကလော  ၃၁   မတ် 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် COVID-19 အဆုတ်ရောင် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရာများဖြစ်သည့် ကလောမြို့ အမှတ် (၈)ရပ်ကွက်တွင် တည်ရှိသော ကလောနှီးဘုရား၊ အမှတ်(၁၀)ရပ်ကွက်တည်ရှိသော ရွှေဉမင် သဘာဝလိုဏ်ဂူဘုရား၊ ကလောမြို့နယ် မြင်းမထိကျေးရွာရှိ ဉဏ္ဏလုံမွေရှင်တော် သဘာဝလိုဏ်ဂူဘုရားတို့တွင် ခေတ္တယာယီပိတ်ထားကြောင်း သိရသည်။

 

‌ေ

 

"ကလောမြို့နှီးဘုရားကျောင်းတိုက်ကိုတော့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးဧည့်သည်တွေ အများကြီး လာရောက်တည်းခိုပြီး ဘုရားဖူးကြပါတယ်၊ ယခု မတ်လ ၂၇ ရက်နေ့မှပြီး ဘုရားဖူးဧည့်သည်များကို ညအိပ်ညနေတည်းခိုခွင့်မပြုတော့ဘူး၊ ဘုရားနယ်မြေများအတွင်း ဈေးဆိုင်ခန်းများလည်း ပိတ်ထားပါတယ် ဘုရားဖူးမယ်ဆို ဖူးလို့ရပါတယ် ယခုချိန်လက်ရှိမှာတော့ ဘုရားဖူးဧည့်သည်များ လာရောက်ဖူးမျှော်ခြင်းမရှိတော့ဘူး” ဟု ဘုရားဂေါပက ဦးသန်းမောင်က ပြောသည်။

 

‌ေ

 

COVID -19 အဆုတ်ရောင်ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ကလောမြို့နယ် မြင်းမထိကျေးရွာရှိ ဉဏ္ဏလုံမွေရှင်တော် သဘာဝလိုဏ်ဂူဘုရားကိုတော့ မတ်လ ၂၆ ရက်နေ့မှစ၍ ဈေးဆိုင်ခန်းများအပါအဝင် ခေတ္တယာယီပိတ်ထားပါတယ် ရပ်နှီးရပ်ဝေးမှဘုရားဖူးဧည့်သည်များ ကိုလဲသိစေချင်ပါတယ် ဘုရားဖူးပြန်လည်ဖွင့်ချိန်ကျရင်လဲ အများပြည်သူသိရှိနိုင်အောင် ပြန်လည်ကြေငြာပေးသွားမည်ဟု " ဘုရားဂေါပကအဖွဲ့ဝင် ဦးမျိုးအောင်ထံမှ သိရသည်။

ကျော်ဝင်း(ပြန်/ဆက်)