ကလော မေ ၁၂

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးရေး စရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားပြုလုပ်သည်။

 

ဦးစွာ ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ နန္ဒာလှမြင့်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားသည်။

 

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကလောမြို့နယ်ရှိ လယ်ကြားကျေးရွာအုပ်စုမှ တောင်သူ ၆၄ ဦးကို မိုးစပါးနှင့်အခြားသီးနှံများအတွက် ချေးငွေ ၁၀၈၅ သိန်းကို ထုတ်ချေးပေးခဲ့သည်။ ကလောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ယခင်နှစ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးနှင့်အခြားသီးနှံ စိုက်ပျိုးထုတ်ချေးငွေကျပ် ၉၅၇၃ ဒသမ ၅၀ သိန်းကိုထုတ်ချေးပေးခဲ့ပြီး ယခုနှစ် ၂၀၂၆-၂၀၂၇ ခုနှစ်တွင် ကလောမြို့နယ်ကျေးရွာအုပ်စု ၁၅ အုပ်စုနှင့် ပင်လောင်းမြို့နယ် ကျေးရွာအုပ်စု ခြောက်အုပ်စုရှိ စိုက်ပျိုးရေးတောင်သူများအတွက် ငွေကျပ် ၂၀၉၁၂ ဒသမ ၅၀ သိန်း ထုတ်ချေးရန်လျာထားကြောင်း သိရသည်။

ကျော်ဝင်း(ကလော)