ကလော ၁ ဇန်နဝါရီ
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် နှစ်သစ်ကူးရုံးပိတ်ရက် ရက်ရှည်ကာလများအတွင်း ခရီးသွာဧည့်သည်များ လာရောက်လည်ပတ်မှုသည် ယခင်နှစ်များထက် ပိုမိုများပြားလျက်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်များမှ သိရသည်။
နှစ်သစ်ကူးကာလ ရုံးပိတ်ရက် လေးရက်အတွင်းမှာ ကလောမြို့နယ်အတွင်း အထင်ကရနေရာများဖြစ်တဲ့ အမှတ် (၈) ရပ်ကွက်တွင်ရှိသော နှီးဘုရားကျောင်း၊ ရှေးဟောင်းသမိုင်းဝင် ရွှေဥမင် ဘာဝလှိုင်ဂှုဘုရားနှင့် မြင်းမထိ ကျေးရွာရှိ ဥဏ္ဏလုံ မွေရှင်တော် ကိန်းဝပ်စံပါယ်ရာ သဘာဝလိုဏ်ဂှုဘုရားများသို့ မြန်မာပြည်အနှံ့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိရာ မြင်းမထိကျေးရွာရှိ သဘာဝလိုဏ်ဂှုတွင် နှစ်သစ်ကူး ရုံးပိတ်ရက်ရှည် ကာလအတွင်း ပြည်တွင်းသာမက ပြည်ပနိုင်ငံခြားသားများပါ လာရောက်လည်ပတ်မှု များလာကြောင်း ဒေသခံများထံမှသိရသည်။
ကလောမြို့ ပင်မာကုန်းကျောင်းတိုက်ရှိ နှီးဘုရားနှင့် ရှေးဟောင်းသမိုင်းဝင် သဘာဝလိုဏ်ဂှုဘုရားတို့တွင် နှစ်သစ်ကူးရုံးပိတ်ရက် ကျောင်းပိတ်ရက်အတွင်း မိသားစုနဲ့အတူ အပန်းဖြေလည်ပတ်ရင်း ဘုရားဖူးရသဖြင့် ဝမ်းသာပိတိ ဖြစ်ရကြောင်း ခရီးသွားပြည်သူများထံမှ သိရှိရသည်။
ကျော်ဝင်း( ပြန်/ဆက်)