ကလော ဧပြီ  ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ဧပြီ ၅ ရက် နံနက်ပိုင်းက စာစစ်ဌာန ခြောက်ခု၌ ကျောင်းသား ကျောင်းသူ ၁၂၆၄ ဦး ဖြေဆိုခဲ့ကြောင်း သိရသည်။

ကလောမြို့နယ်ရှိ စာစစ်ဌာနများဖြစ်သည့် အထက(၁)ကလောတွင်  ဖြေဆိုသူ ၂၉၈ ဦး၊ အထက(၂)ကလောတွင် ဖြေဆိုသူ ၂၂၄ ဦး၊ အထက(၃)အောင်ပန်းတွင် ဖြေဆိုသူ ၂၇၁ ဦး၊ အထက(၅) အောင်ပန်းတွင် ဖြေဆိုသူ ၂၈၁ ဦး၊ အထက(၄)ဟဲဟိုးတွင် ဖြေဆိုသူ ၁၅၂ ဦး၊ အထက(၆) ဘော်ဆိုင်းတွင် ဖြေဆိုသူ ၃၈ ဦး စုစုပေါင်း အတွင်း၊အပြင် ဖြေဆိုသူ ၁၂၆၄ ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း ၉၂ ဒသမ ၄၀ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျော်ဝင်း(ပြန်/ဆက်)