ကလော   ဩဂုတ်  ၁

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးအဆက်မပြက်ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ဩဂုတ် ၁ ရက် နံနက်ပိုင်းက ကလောချောင်းရေလျှံမှုကြောင့် မြို့ပေါ်ရှိ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ နေအိမ်အချို့တွင် ရေဝင်ရောက် လျက်ရှိကြောင်း သိရသည်။

 

အဆိုပါချောင်းရေလျှံမှုကြောင့် အမှတ်(၇) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ KG တန်းမှ Grade-7 အထိကျောင်းများ ယာယီပိတ်ထားရကြောင်း သိရသည်။

 

ထို့ပြင် ဇူလိုင် ၃၁ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကလောမြို့အမှတ် (၁၀)ရပ်ကွက်၊ ဓမ္မစကြာလမ်းရှိ ၁၁ ကေဗွီ ကလော(မြို့တွင်း) ဖီဒါဓာတ်အားလိုင်းရှိ (10M)ကွန်ကရိတိုင် (၃)တိုင် ကျိုးပျက်ကျခဲ့ပါသဖြင့် ရပ်ကွက် (၈)/(၉)/(၁၀) မီးသုံးသူ (၅၀၀)ဦးခန့် ဓာတ်အားပြတ်တောက် လျက်ရှိပြီး ဓာတ်အားပြန်လည်ရရှိစေရေးအတွက် တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)