ကလော ၁၁ ဇွန်  

 


ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် မေလ ၂၉ ရက်နေ့က မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု ၃ စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ယနေ့နံနက် ၁၀ နာရီခွဲက ကလောမြို့ ရပ်ကွက်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်  ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။

 

္၄၄အ

 

အဆိုပါ ထောက်ပံ့ပစ္စည်းပေးအပ်ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကလော မြို့နယ်အသင်း(ခွဲ) ဥက္ကဌ ဦးလှဝင်း က  မီးဘေးသင့်အိမ် ထောင်စု (၃) စုမှ မိသားစုဝင် ၁၅ ဦးတို့ကို အားပေးစကားများ ပြောကြားပြီး မြို့နယ်တပ်ဖွဲ့မှူး ဦးဇော်သိန်းရည်၊ မြို့နယ်အမှုဆောင် ဒေါ်နန်းဥမ္မာအုံးနှင့်အဖွဲ့ဝင်များက မီးဘေးသင့်အိမ်ထောင်စုများအား (၁၈၀ဝ၀ဝ)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများ (Family Box)မိသားစုအထောက် အကူပြုပစ္စည်း (၃) စုံကို မိသားစု (၃) စုအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကျော်ဝင်း(ပြန်/ဆက်)