နေပြည်တော်၊   ၂၅   ဒီဇင်ဘာ

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက် နံနက် ၉ နာရီတွင် ကလောမြို့နယ်၊ ဘော်နင်းကျေးရွာအနီး၊ အောင်ပန်း-ပင်လောင်းသွား ကားလမ်းတွင် ထွန်းရွှေ မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဆေးခြောက်  ၁၈ ကီလို သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီတွင် ကလောမြို့နယ်၊ နန်းနိုင်ကျေးရွာအုပ်စု၊ အင်းပြင်ကျေးရွာအနီး သိန်းဇော်(ခ)တဗျတ်၏ တဲသို့ ဝင်ရောက်ရှာဖွေရာ ဆေးခြောက် ကီလို ၂၅၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။

ထို့အတူ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ နောင်ငင်းကျေးရွာနေ စိုင်းခမ်းနွံ၏ နေအိမ်သို့ ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၃၇၀ သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။ 

ရဲပြန်ကြား