ကော့ကရိတ် အောက်တိုဘာ ၉

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်၊ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာများ ရရှိလာစေရန် ရည်ရွယ်၍ ကလေးသူငယ်အခွင့်အရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ မွန်းလွှဲ ၁ နာရီချိန်က အမက(၂၃၁) အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

 

1

 

ဟောပြောပွဲတွင် ခရိုင်ပြန်/ဆက်ဦးစီးအရာရှိ ဦးဝင်းရှိန်က ဌာန၏လုပ်ဆောင်ချက်များ၊ စာဖတ်ခြင်း အကျိုးကျေးဇူးများ၊ ကလေးသူငယ်အခွင့်အရေးများ၊ ဒုဦးစီး ဒေါ်ခင်မျိုးဝင်းက ကလေးအလုပ်သမား ပပျောက်ရေး၊ ကလေးသူငယ်၊ လူကုန်ကူးမှုအန္တရာယ်၊ သက်ငယ်မုဒိမ်းမှု အကြောင်း၊ ကြိုတင်ကာကွယ်ရန် နည်းလမ်းများ၊ သတိပြုရှောင်ရှားရန်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး၊ စာကြည့်တိုက်မှူး ဒေါ်ဇာခြည်ဝင်းက KGကလေးများကို ပုံပြင်များ ပြောပြပေးခြင်းတို့အား ဆောင်ရွက်ခဲ့သည်။ ထိုနောက် လူကုန်ကူးမှု၊ သက်ငယ်မုဒိမ်းမှု၊ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း နံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်းနှင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)