ကလေးအလုပ်သမား ငှားရမ်းခိုင်းစေတဲ့ အလုပ်အေဂျင်စီ အမေရိကန်ဒေါ်လာ ၅,ဝ၀ဝ ဒဏ်ရိုက်ခံရ

စင်ကာပူ  ၁၂  ဇူလိုင် 

စင်ကာပူနိုင်ငံရှိ Vista အမည်ရှိ အလုပ်သမားအေဂျင်စီ တစ်ခုကနေ မြန်မာနိုင်ငံမှာ အိမ်အကူလုပ်ရန် စင်ကာပူနိုင်ငံသို့ ခေါ်ဆောင်စဉ်မှာ မြန်မာကလေးငယ်ရဲ့ အသက်ဟာ ၂၃ နှစ်ရှိပြီလို့ ဖော်ပြထားခဲ့ပေမယ့် အဲဒီအမျိုးသမီးငယ်ရဲ့ အသက်ဟာ ၁၃ နှစ်သာရှိသေးကြောင်း သိရသည်။ 

ဒီအမျိုးသမီးငယ်ရဲ့  နိုင်ငံကူးလက်မှတ်ကို အလုပ်သမားအေဂျင်စီတစ်ခုကနေ လျှောက်ပေးခဲ့ကြောင်း သိရပါတယ်။ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်ဟာ မနှစ်က စင်ကာပူနိုင်ငံကို ရောက်ရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်ကလည်း အလားတူ အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက်ကို အလုပ်စေခိုင်းတဲ့အတွက် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၅၀ဝ၀ ကို Casa အလုပ်သမားအေဂျင်စီကိုလည်း ဒဏ်ငွေပေးဆောင်ခဲ့ရဖူးပါတယ်။ 

အလုပ်သမားအေဂျင်စီတွေမှာ အသက်မပြည့်သေးတဲ့ အလုပ်သမားများကို အလုပ်ခေါ်ခိုင်းခြင်း တွေ့ရှိရင် အစိုးရမှ သတိပေးစာပေးတာမျိုးဖြစ်စေ၊ အလုပ်လိုင်စင် ပိတ်သိမ်းနိုင်တာမျိုးအထိ ဖြစ်စေနိုင်တဲ့ အမှတ်လျှော့မှုမျိုးပါ ခံရနိုင်ပါတယ်။ 

စင်ကာပူကို ရောက်ရှိတဲ့  အလုပ်သမားဦးရေ တစ်သောင်း ထဲ မှာ ၈ ဒသမ ၇ ရာခိုင်နှုန်းဟာ အသက်မပြည့်သေးတဲ့အတွက် မိခင်နိုင်ငံကို ပြီးခဲ့တဲ့ နှစ်က ပြန်လွှတ်ခဲ့ပါတယ်။ အလားတူ ၂၀၁၆ ခုနှစ်က ၄ ဒသမ ၃ ရာခိုင်နှုန်း နဲ့ ၂၀၁၅ ခုနစ်က  ၆ ဒသမ ၄ ရာခိုင်နှုန်းကို မိခင်နိုင်ငံကို ပြန်လွှတ်ခဲ့ရကြောင်းသိရပါတယ်။ 

MDN.