အိမ်မဲ ၇ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ အထက(၁)ကျောင်း၌ကလေးစာပေ ပွဲတော်(အိမ်မဲ)ကိုကျင်းပလျက်ရှိရာ နိုဝင်ဘာလ ၇ ရက်နံနက် ၉နာရီက ကျောင်းသား/သူများ၊ မိဘပြည်သူများ လာရောက်ကြည့်ရှုလေ့လာသူများဖြင ့်ကြိတ်ကြိတ်တိုးစည်ကားနေကြောင်း သိရသည်။
ကလေးစာပေပွဲတော် (အိမ်မဲ) ကို လာရောက်ကြသည့် ကျောင်းသား/သူလေးများက လူဝင် အရုပ်များတွင် အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်း 3D ဗီနိုင်းများဖြင့် ဓာတ်ပုံရိုက်ခြင်း၊ ပြပွဲ၊ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့်ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းတွင် ဧရာဝတီနွယ်ဖွား နိုင်ငံတာဝန် ထမ်းဆောင် ခဲ့ကြသူများ ဖြစ်သည့် နိုင်ငံတော်သမ္မတကြီးများ၏ ဓါတ်ပုံများ ၊ နိုင်ငံရေး၊ စာပေ၊ အနုပညာ ဂီတနယ်ပယ် အသီးသီးတွင် ကျော်ကြားထင်ရှားသည့် ဧရာဝတီတိုင်းသားများ၏ ဓာတ်ပုံ များကိုချိတ်ဆွဲပြသထားရာ လာရောက် လေ့လာသူများဖြင့် စည်ကားလျက်ရှိသည်။
"ကျွန်မတိုက ကြို့ကုန်းကျေးရွာကလာတာပါ။အိမ်မဲမြို့မှာကလေးစာပေပွဲတော်ရှိတယ်ဆိုလို့ လာရောက် လေ့လာတာပါ။ ကျောင်းကကလေးတွေကို ခေါ်လာပြီး ပြိုင်ပွဲတွေမှာ ဝင်ပြိုင် စေပါတယ်။ သူတို့လည်းပျော်ရွှင်ကြပါတယ်။ စာအုပ်တွေလည်းပြန်ရင်ဝယ်သွားမှာပါလို့'' ကျောင်းဆရာမ တစ်ဦးက ပြောသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)


