ဘိုကလေး ၃၀ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဉ်မှု၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ပူးပေါင်း၍ ကလေးစာပေပွဲတော်ကို ဇန်နဝါရီ (၂၉)ရက်တွင် စတင်ကျင်းပရာ ယနေ့ကလေးစာပေပွဲတော် ဒုတိယနေ့၌ သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစာ္ဆန် ထိန်းသိမ်းရေးဌာနမှ ဖွင့်လှစ်ပြသထားရှိသည့် မိန်းမလှကျွန်းဘေးမဲ့တောရေဝပ်ဒေသ ပညာပေးပြခန်းတွင် လာရောက်လေ့လာသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြခန်းတွင် မိန်းမလှကျွန်းနှင့် ပတ်သတ်သည့် သိမှတ်ဖွယ်ရာများ၊ အသိပညာပေးဗီဒီယိုများ၊ ရေချိုရေငံစပ် မိကျောင်းများနှင့် ကျွန်းအတွင်း တိရစာ္ဆန်များ၏ ပျံ့နှံ့ကျက်စားမှု မြေပုံနှင့် အလေ့အထများ၊ လူနှင့်မိကျောင်းများအကြား ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဉပဒေပြစ်မှုနှင့် ပြစ်ဒဏ်များ၊ ရေဝပ်ဒေသများမှ ပံ့ပိုးပေးသည့် သယံဇာတနှင့် ဂေဟစနစ် ဝန်ဆောင်မှုများ၊ ဆောင်းခိုငှက်များ၏ ပျံသန်းရာလမ်းကြောင်းများ၊ ဇီဝမျိုးကွဲများ၏ ရုပ်ပုံများ ပြသထားရှိခြင်းကြောင့် လာရောက်လေ့လာသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းနိုင်၊ မိုးစက်(ဘိုကလေး)