ဒေးဒရဲ ၁၇ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ဒေးဒရဲမြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကလေး စာပေပွဲတော် (ဒေးဒရဲ) ကို တိုင်းဒေသကြီးအတွင်း (၁၁)ကြိမ်မြောက်အဖြစ် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အ.ထ.က(၁) ကျောင်းတွင် ဒီဇင်ဘာ ၁၆ ရက်နှင့် ၁၇ ရက် (၂)ရက်တာ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပခဲ့ပြီး ယနေ့ မွန်းလွဲ ၂ နာရီတွင် ပိတ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်က ပွဲတော်အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့သူများအား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ပွဲတော်ကာလအတွင်း ကျင်းပပြုလုပ်ခဲ့သည့် ပြိုင်ပွဲများတွင် ဆုရကျောင်းသား/ကျောင်းသူများအား တာဝန်ရှိ သူများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြသူများနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်၍ ကျောင်းသား/ကျောင်းသူများမှ ဖျော်ဖြေရေး အကပဒေသာများ ဖျော်ဖြေတင်ဆက်ခြင်းတို့ဖြင့် ကလေးစာပေပွဲတော်အား အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

စိုးမင်းဦး၊ မောင်မောင်မြင့်၊ အောင်ဝင်းနိုင်၊ မိုးစက်(ပြန်/ဆက်)
