ဂန့်ဂေါ ၁၆ ဇန်နဝါရီ
ကလေးစာပေပွဲတော်(ဂန့်ဂေါ)ကို ဇန်နဝါရီ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဂန့်ဂေါ အထက ၌ ကျင်းပသွားမည်ဖြစ်ရာ အဆိုပါပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဌ ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုသည် မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးညွန့်နိုင် နှင့်အတူ ဇန်နဝါရီ ၁၆ ရက် နံနက် ၁၀ နာရီတွင် ပြင်ဆင်ထားရှိမှုကို စစ်ဆေးကြည့်ရှုသည်။
ထိုသို့စစ်ဆေးကြည့်ရှုရာတွင် ခရိုင်ပညာရေးမှူး ဦးစိန်အောင်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်တို့နှင့် တာဝန်ရှိသူများတို့က ပွဲတော်ကာလ တွင် ကျင်းပမည့် ပြခန်းများ၊ ပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ဆုချီးမြှင့်မည့်အစီအစဉ်များ စသည်ဖြင့် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြကြောင်းနှင့် ကလေးစာပေပွဲတော်(ဂန့်ဂေါ) ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို က လုပ်ငန်းလိုအပ်ချက်များအား ဖြည့်ဆည်းသွားကြောင်း သိရသည်။
တောင်သားမောင်သန်း