ကန့်ဘလူ ၁၀ ဇန်နဝါရီ

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း ကျင်းပသော ကလေးစာပေပွဲတော်(ကန့်ဘလူ)၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်(ဒုတိယ)နေ့တွင် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

 

12

               

ကလေးစာပေပွဲတော် ဖျော်ဖြေရေး အစီအစဉ်များတွင် ပူးပေါင်းပါဝင်ခွင့်ရရှိသည့်အတွက် ဝမ်းသာမိ ပါတယ်။ ကလေးတွေအနေနဲ့ ပြခန်းတွေကြည့်ရှုရတဲ့အတွက် အသိပညာ ဗဟုသုတများစွာ ရရှိကြပါတယ်။ ပညာရေးပြခန်းမှာ ကျောင်းသင်ခန်းစာများ ပြသထားတဲ့အတွက် ကလေးတွေ ပိုမို စိတ်ဝင်စားကြပါတယ်။ ကလေးစာပေပွဲတော်ကို နှစ်စဉ်ကျင်းပပေးရန် မျှော်လင့်ပါတယ်ဟုအမှတ် (၅)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ထားအိသော်က ပြောပြသည်။

 

ကလေးစာပေပွဲတော်(ဒုတိယ)နေ့တွင် ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ ဇီးကုန်းမြို့၊ထန်းကုန်း၊ ကာဘိုး၊ မလယ်ကျေးရွာများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာဆရာမများ၊ ကျောင်းသားမိဘများ၊ ဒေသခံပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

အဆိုပါကလေးစာပေပွဲတော်ကို ကန့်ဘလူမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း တွင် ဇန်နဝါရီ ၉ ရက်မှ ၁၀ ရက်အထိ နံနက်(၉)နာရီမှညနေ (၅)နာရီအထိ ပြပွဲ၊ ပြိုင်ပွဲများနှင့် ခင်းကျင်း ပြသလျက် ရှိကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခင်မိုးခက်က ပြောကြားသည်။

 

မျိုးဝင်းညို ကျွန်းလှ