ကလေးစာပေပွဲတော် (လေးမျက်နှာ) ပထမနေ့တွင် စာအုပ်၊ စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ၌ လာရောက်လေ့လာ ဖတ်ရှုသူများဖြင့် စည်ကား

လေးမျက်နှာ   ၂   ဒီဇင်ဘာ

 

ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့ အ‌‌ခြေခံပညာအထက်တန်း‌ကျောင်းတွင် ကျင်းပသည့် ကလေး စာပေ ပွဲတော်၊ စာအုပ်၊ စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ (လေးမျက်နှာ) ပထမနေ့ကို ယနေ့ နံနက် ၉ နာရီက စတင်ကျင်းပရာ လာရောက်ဝယ်ယူဖတ်ရှုလေ့လာသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

 

2

 

စာအုပ်‌ဈေး‌ရောင်းပွဲ‌တော်တွင် ကလေးဖတ် ကာတွန်း၊ ပုံပြင်၊ ဗုဒ္ဓဝင်၊ ရုပ်ပြ၊ ဉာဏ်စမ်းပဟေဠိ စာအုပ်များနှင့် လူကြီးဖတ် သုတစာပေ ၊ ရသစာပေ၊ ရှားပါးစာပေများကို တစ်နေရာထဲတွင် ဈေးနှုန်း ချိုချိုဖြင့် ရရှိနိုင်မည်ဖြစ်ပြီး  မြန်မာစာပေချစ်မြတ်နိုးသူများ လက်ဝယ်အရောက် စာအုပ်စာပေများကို ချိုသာသော ဈေးနှုန်းဖြင့်  စာအုပ်အရောင်းဆိုင်များမှ စုပေါင်း၍ လာရောက် ရောင်းချလျက်ရှိသည်။

 

ထို့အပြင်  စာပေဝါသနာရှင် လူကြီး၊ လူငယ်၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ မိမိတို့ ကြိုက်နှစ်သက်ရာ စာအုပ်များကို ဖတ်ရှုလေ့လာနိုင်ကြောင်းနှင့် ဒီဇင်ဘာ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ ခင်းကျင်းပြသ၍ ရောင်းချပေးသွားမည်ဖြစ်သည်။

 

အဆိုပါ စာအုပ်ဈေးရောင်းပွဲတော်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ၊ စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ လာရောက် ဝယ်ယူ ဖတ်ရှုလေ့လာကြပြီး အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

 

ရွှေမိုး (ပြန်/ဆက်)