လပွတ္တာ ၈ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန နှင့် လပွတ္တာခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော် (လပွတ္တာ)စာအုပ်စာပေပြပွဲနှင့်စာအုပ်ဈေးရောင်းပွဲတော်အားဇန်နဝါရီလ ၇ ရက်နှင့် ၈ ရက်နေ့များတွင် စည်ကားသိုက်မြိုက် စွာကျင်းပလျက်ရှိပြီး ယနေ့ဒုတိယနေ့တွင် ပြပွဲ၊ပြိုင်ပွဲများ၌ ကလေးငယ်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

ကလေးစာပေပွဲတော်ကို ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးရေး၊ စာပေဗဟုသုတရရှိရေး၊ ဉာဏ်ရည် ထက်မြက်ရေး၊ ကလေးများ၏ စွမ်းရည်များမြှင့်တင်ရေး၊ စာဖတ်သည့် အလေ့အကျင့် ကောင်းများ ရရှိရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်းဖြစ်ပြီး ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြော ပြိုင်ပွဲများ၊ စက္ကူခေါက်၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ်၊ ဂိမ်းကစား ပြိုင်ပွဲများ၊ ဖျော်ဖြေရေးပွဲများ ပါဝင်ကာ လာရောက်လေ့လာသော အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူ များ၊ ကလေးငယ်များက ပြပွဲ၊ ပြိုင်ပွဲများတွင် ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ-ခရိုင်(ပြန်/ဆက်)
ဝင်းကျော်မြင့်၊အောင်မင်း၊လွှမ်းသီဟ၊ချစ်သက်လယ်၊အောင်အောင်