ပြင်ဦးလွင် ၁၄ ဇန်နဝါရီ
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးနှင့် အခြေခံပညာဦးစီးဌာန၊ ကိုယ် ပိုင်ကျောင်းများ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော် (ပြင်ဦးလွင်) ဒုတိယနေ့ကို ဆက်လက်ကျင်းပလျက်ရှိရာ Myanmar Fitness Dance နှင့် ဆင်အက ဖျော်ဖြေ တင်ဆက်မှုတို့တွင် ကျောင်းသား၊ ကျောင်းသူများ၊ စိတ်ဝင်စားမှုများပြားခဲ့ကြောင်း သိရသည်။
ထို့အပြင် စာအုပ်ဈေးရောင်းဆိုင်များတွင်လည်း ရွေးချယ်ဝယ်ယူသူများပြား လျက်ရှိကာ ပုံပြော၊ ကဗျာရွတ်၊ ကျပန်း၊ ပန်ချီပြိုင်ပွဲများတွင်လည်း ပါဝင်ယှည်ပြိုင်လျက်ရှိကြသည်။
ယင်းအပြင် အားကစားပြိုင်ပွဲများဖြစ်သည့် ခါးလှည့်၊ ဂုံနီအိတ်စွပ်၊ မုန့်စား၊ စကားပုံဆက် ပြိုင်ပွဲများလည်း ဝင်ရောင်ယှဉ်ပြိုင်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မင်းဇော်ဦး(ပြန်/ဆက်)