ပန်းတနော်   ၁၁  ဒီဇင်ဘာ      

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းစီစဉ် ကျင်းပသော ကလေးစာပေပွဲတော် (ပန်းတနော်) စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှု များကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိသည်။

 

520

 

အဆိုပါ ပွဲတော်အား ဒီဇင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် ပန်းတနော်မြို့ အ-ထ-က (၁) တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ပန်းတနော်မြို့နယ်အတွင်းရှိ ကျောင်းသား လူငယ်များလာရောက် ပါဝင် ဆင်နွှဲနိုင်ရန်အတွက် ပြခန်းများ ပြင်ဆင်ဆောင်ရွက်ခြင်း၊ ပြိုင်ပွဲနှင့် ကစားပွဲ ပြုလုပ်ရန် နေရာများ ပြင်ဆင်ခြင်း၊ မုခ်ဦးများ ဆောက်လုပ်ခြင်း၊ ဖျော်ဖြေရေးခန်းမများ၊ စာဖတ်ခန်းများ ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

02596

 

ပန်းတနော်မြို့နယ် ကလေးစာပေပွဲတော်တွင် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာပေဟောပြောပွဲနှင့် စာပေ ဆွေးနွေးပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက် ကစားနည်းများ၊ ဂိမ်းကစားနည်းများ၊ ထုပ်ဆီးထိုးပြိုင်ပွဲ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ဦးသန့်ပြခန်း၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်း၊ မီးသတ်ပြခန်း၊ ရဲတပ်ဖွဲ့ပြခန်း၊ ကရင်ရိုးရာ ပစ္စည်းများ ပြခန်း၊ ဒေသထွက်ကုန်ပြခန်း၊ ကျန်းမာရေးပြခန်း၊ ပညာရေးပြခန်း၊ ကလေးစာဖတ်ခန်းနှင့် စာအုပ် အရောင်းဆိုင်များ ထည့်သွင်းကျင်းပသွားမည်ဖြစ်၍ မည်သူမဆို လာရောက် ပါဝင်ဆင်နွှဲ နိုင်ကြောင်း သိရသည်။

 

22

 

မြို့နယ်(ပြန်/ဆက်)

ဓာတ်ပုံ- ဝဠာနိုင် (ညောင်တုန်း)၊ ပြည့်ဖြိုးကျော် (ပန်းတနော်)