ပန်းတနော်      ၁၁    ဒီဇင်ဘာ   

   

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းစီစဉ် ကျင်းပသော ကလေးစာပေပွဲတော် (ပန်းတနော်) တွင် ဦးသန့် (ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်ဟောင်း) ပြခန်း ထည့်သွင်းပြသနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက် လျက်ရှိသည်။

 

8963

 

အဆိုပါ ဦးသန့် (ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း) ပြခန်းတွင် ဦးသန့် အတ္ထုပ္ပတ္တိအကြောင်း၊ ဘွဲ့ထူးဂုဏ်ထူးများအကြောင်း၊ ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်း ဓာတ်ပုံများအား စုံလင်စွာ ထည့်သွင်းပြသပေးသွားမည် ဖြစ်သည်။

 

mdn05

 

အဆိုပါ ကလေးစာပေပွဲတော်အား ဒီဇင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် ပန်းတနော်မြို့ အ-ထ-က (၁) တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး မည်သူမဆို လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

.f,mdn

 

သတင်း- ဝဠာနိုင် (ညောင်တုန်း)၊ အောင်ခိုင် (မအူပင်)

ဓာတ်ပုံ- အေးချမ်းအောင်၊ ဖြည့်ဖြိုးကျော် (ပန်းတနော်